#労働基準法နဲ့ ပါတ်သက်၍ သိကောင်းစရာများ

*東京都産業労働局စာစောင်ကို ကိုးကားပါသည်။


#労働基準法နဲ့ ပါတ်သက်၍ သိကောင်းစရာများ

#労働基準法 ကို ဘာ့ကြောင့်ပြဌာန်းသလဲ။

အခြေခံ လူ့အခွင့်အရေးများ မဆုံးရှုံးစေရဆိုသော အခြေခံ ဥပဒေ Mother Law #日本国憲法 ၏ အောက်ပါ ပုဒ်မများ အရ အလုပ်သမား ဥပဒေကို ပြဌာန်းခြင်း ဖြစ်ပါသည်။

ပုဒ်မ ၁၄ #第14条

ပြည်သူလူထုအားလုံးသည် လူမျိုး၊ ဘာသာ၊ လိင်၊ လူမှုအဖွဲ့အစည်း အဆင့်အတန်းများ ခွဲခြားမှုမရှိ ဥပဒေအောက်တွင် အတူတစ်ကွ နေထိုင်နိုင်‌ခြင်း

ပုဒ်မ ၁၉ #第19条

တွေးခေါ်ခံယူမှုကို ထိခိုက်မှု မရှိစေခြင်း

ပုဒ်မ ၂၂ #第22条

တစ်ဘက်သား၏ လူမှုဖူလုံရေးကို ထိခိုက်မှု မရှိပါက၊ လွတ်လပ်စွာ နေထိုင်ခြင်း၊ ရွှေ့ပြောင်းခြင်း နှင့် အလုပ် လုပ်ကိုင်ခြင်းများ ပြုလုပ်နိုင်ခြင်း

ပုဒ်မ ၂၅ #第25条

အားလုံးသော ပြည်သူပြည်သားများသည် ကျန်းမာစွာဖြင့် လူ့ယဥ်ကျေးမှု့ ဘောင်အတွင်း၊ အနည်းဆုံး အနိမ့်ဆုံးအဆင့် နေထိုင်နိုင်ခြင်း

ပုဒ်မ ၂၇ #第27条

အားလုံးသော ပြည်သူပြည်သားများသည် အလုပ် လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု့ရှိပြီး၊ လစာ၊ အလုပ်ချိန်၊ ခွင့် နှင့် အခွင့်အရေးများကို အခြေခံဥပဒေ ပြဌာန်းပြီး ဥပဒေအရ အကြုံးဝင်စေခြင်း

ပုဒ်မ ၂၈ #第28条

အလုပ်သမားများက အဖွဲအစည်းများ ဖွဲ့စည်းနိုင်ခြင်း၊ ထိုအဖွဲ့အစည်းများဖြင့် တောင်းဆိုနိုင်ခြင်း လှုပ်လျှားနိုင်ခြင်းများ ရရှိခြင်း


အလုပ်သမား အခြေခံဥပဒေ #労働基準法

လုပ်ငန်းခွင် စည်းမျဥ်းများ၊ လစာ၊ အလုပ်ချိန် များကို အနိမ့်ဆုံး သပ်မှတ်ရန် လမ်းညွှန်ခြင်း၊ လူမျိုးဘာသာ စကားများကြောင့် ခွဲခြားခြင်း မပြုလုပ်ရန် ပြဌာန်းထားပါသည်။

ထို့အပြင် #最低賃金法 အနိမ့်ဆုံးလစာ ဥပဒေ အရ လစာကို သပ်မှတ်ရန်လည်း ပြဌန်းထားပါသည်။


အလုပ်သဘောတူ စာချုပ်ဥပဒေ #労働契約法

အလုပ်စတင်လုပ်သည့်အခါ အလုပ်သမားနင့် အလုပ်ရှင်အကြား အလုပ် လုပ်ကိုင်ခြင်းနှင့် ပါတ်သက်သော ဂတိဂဝတ်များကို *အလုပ်စာချုပ် #労働契約 ကို ပြုလုပ်ရန် ပြဌာန်းထားသော ဥပဒေ ဖြစ်ပါသည်။


အလုပ်သမား ဘေးအန္တရာယ်ကင်းရှင်း၍ ကြံ့ခိုင်စေသော ဥပဒေ #労働安全衛生法

   အလုပ်သမားက လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်း၍ ကြံ့ခိုင်ပြီး သင့်လျော်သော လုပ်ငန်းခွင် ပါတ်ဝန်းကျင်ကို ဖြစ်စေသော ဥပဒေဖြစ်သည်။


အလုပ်သမား ထိခိုက်မှု အာမခံ ဥပဒေ #労働者災害補償保険法

   လုပ်ငန်းခွင်နှင့် အလုပ်အသွားအပြန် အချိန်အတွင်း ဒဏ်ယာရရှိခြင်း၊ ရောဂါရရှိခြင်းများကြောင့် လုပ်အားခ (လစာ) မရရှိသောအခါ တိုင်းပြည်က အလုပ်ရှင်ထံမှ အာမခံဝင်ကြေးကို ရယူပြီး၊ အာမခံငွေ ပေးဆောင်သည် အာမခံ စနစ်နှင့် ပါတ်သက်သော ဥပဒေ။

အလုပ်အသွားအပြန်အတွင်း ရရှိသော ဒဏ်ယာအတွက် ပေးဆောင်သော အသေးစိတ် အချက်အလက်များရှိပါသဖြင့် မိမိဝင်ထားသော အာမခံဌာနသို့ တိုက်ရိုက်သော်၄င်း၊ အလုပ်မှသော်၄င်း မေးမြန်းသင့်ပေသည်။ ထို့အပြင် လုပ်ငန်းခွင်နှင့် အလုပ်အသွားအပြန် အချိန်အတွင်း ရရှိသော ဒဏ်ယာအတွက် သာမာန် ကျန်းမာရေး အာမခံ #国民健康保険(国保)、#社会保険(社保)ကို သုံးစွဲခြင်းသည် ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါသည်။


အမျိုးသားအမျိုးသမီးတန်းတူအလုပ်ခန့်ခြင်းဆိုင်ရာဥပဒေ #男女雇用機会均等法

အမျိုးသားအမျိုးသမီးဖြစ်သည့်အပေါ် မူတည်၍ ခွဲခြားခြင်းမရှိပဲ၊ မိခင်များကို အလေးထားသော အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေ ဖြစ်ပါသည်။


ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရန် လုပ်ငန်းခွင် အနားယူသော ဥပဒေ #育児・介護休業法


အလုပ်သမား ဝန်ထမ်း လုပ်ငန်းပုံစံအမျိုးမျိုးဖြင့် အလုပ်လုပ်နိုင်သော ဥပဒေ #パートタイム・有期雇用労働法 #労働者派遣法

အချိန်ပိုင်း အလုပ်သမား၊ ကန့်သပ်ကာလတွင်း အလုပ်သမား၊ စေလွှတ်အလုပ်သမားများ ခန့်အပ်မှုဆိုင်ရာ ဥပဒေ ဖြစ်ပါသည်။